House Art

eng btn

Thursday, 18 June 2015 08:53

တေးသီချင်း ဗီဒီယိုအတွက် ယနေ့လူကြိုက်များသည့် အဆိုတော်များကို ပါဝင်ရန် ကမ်းလှမ်းခဲ့တဲ့ ပေါ့ဘုရင်မ မက်ဒေါနား

Written by 

madonna

စတားပလက်စ် (နယူးယောက်ခ်)။ ။ ပေါ့ပ်ဘုရင်မ မက်ဒေါနားသည်  ၎င်း၏ နောက်ဆုံး တေးသီချင်း ဗီဒီယို B*tch I’m Madonna တွင် ပါဝင်ကူညီပေးရန် မိုင်လေဆိုင်းရက်စ်၊ ကေတီပယ်ရီ၊ ရီထာအိုရာနှင့် ဘီယွန်စေးတို့ကို ကမ်းလှမ်းခဲ့သည်။

အသက် ၅၆ နှစ်အရွယ်ရှိ မက်ဒေါနားသည် ၎င်း၏ နောက်ဆုံးတေးသီချင်း ဗီဒီယို B*ch I’m Madonna အတွက်  ကြော်ငြာပိုစတာ တစ်ခုကို မကြာသေးမီက ၎င်း၏ Instagram အကောင့်တွင် နောက်ပြောင်ကျီစယ်သည်။

အဆိုပါ တေးသီချင်း ဗီဒီယိုတွင်  နစ်ကီမင်န၊ ဘီယွန်စေး၊ ကေတီပယ်ရီ၊ မိုင်လေဆိုင်းရက်စ်နှင့် ရီထာအိုရာ ပါဝင်သော ပြိုင်ဘက်ကင်း ပေါ့ပ်ပါတီ တစ်ခုကို ထည့်သွင်းထားသည်။ “မကြာမီ တေးသီချင်း ဗီဒီယို ထွက်ရှိသွားမှာ ဖြစ်ပါတယ်။တေးသီချင်းဗီဒီယိုကို အကောင်းဆုံးဖြစ်အောင် ကျွန်မတို့အားလုံး ကြိုးစားနေပါတယ်။

ကျွန်မတို့ အပြင်းအထန် ကြိုးစားနေပါတယ်” ဟု မက်ဒေါနားက Instagram တွင် ဖော်ပြထားသည်။

မက်ဒေါနားက ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းက တေးသီချင်းဗီဒီယိုမှ နောက်ပြောင်ထားသော ဗီဒီယိုဖိုင် တစ်ဖိုင်ကို  Instagramတွင် ဖော်ပြခဲ့ကြောင်းနှင့် ယင်းဗီဒီယိုဖိုင်တွင် တေးသီချင်း ဗီဒီယိုသည် ဇွန် ၁၆ ရက်တွင် ထွက်ရှိမည်ဖြစ်သော်လည်း ဘယ်အချိန်တွင် ထွက်ရှိမည်ကို ယခုအချိန်ထိ ပြောကြားလို့ မရသေးကြောင်း ဖော်ပြထားသည်။

မက်ဒေါနားသည်  B*ch I’m Malonna တေးသီချင်း ဗီဒီယိုက ဂျေဇီး၏ Tidal တေးသီချင်း ဝန်ဆောင်မှုတွင် ပွဲဦးထွက်တင်ရန် မျှော်မှန်းထားသည်။

Read 2801 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 115 guests and no members online