House Art

eng btn

Sunday, 28 December 2014 15:50

စပွန်ဆာ အ၀တ်အစားအဆင်မပြေဖြစ်ခဲ့ကြရသည့် ဒိန်းဒေါင်နှင့် ခင်လှိုင်

Written by  မြင့်မြင့်စိုး

၂၀၁၃ခုနှစ် အကယ်ဒမီပွဲတက်ဝတ်စုံကို ကူညီပံ့ပိုးသည့် စပွန်ဆာများ၏ အ၀တ်အစားများကြောင့် ဒီဇင်ဘာ ၂၇ရက်တွင် တက်ရောက်မည့် အကယ်ဒမီပေးပွဲ၌ အခက်အခဲများတွေ့ခဲ့ ကြရသည်ဟု ဒိန်းဒေါင်က မဇ္စျိမကို ပြောသည်။

"အစ်ကိုတို့ပွဲတက်မဲ့ နေရောက်တဲ့ အချိန်မှာမှ အကယ်ဒမီပွဲတက်ဝတ်စုံကို သွားယူတော့ အများကြီး အခက်အခဲတွေ့ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ၀တ်စုံတွေ သွားယူတဲ့ အချိန်မှာစပွန်ဆာတွေချုပ်ပေးထားတဲ့ အ၀တ်အစားတွေက အကယ်ဒမီပွဲနဲ့ မလိုက်ဖက်တဲ့ အ၀တ်အစားတွေ ဖြစ်နေတယ်။ အပေါစားဖြစ်တဲ့ ၀တ်စုံတွေဖြစ်နေတဲ့ အပြင်လုံးဝ ၀တ်လို့အဆင်မပြေတာကြောင့် အစ်ကိုတို့များစွာအခက်အခဲ ဖြစ်ခဲ့ရတယ်။ ချက်ခြင်းပဲစဉ်းစားရတယ်။ဘာဝတ်ရမလဲပေါ။ ဒီတော့ အစ်ကို တစ်စုံကို သုံးသိန်းလောက် ပေးပြီးဝယ်ထားတဲ့ ၀တ်စုံကို ၀တ်လိုက်ရပါတယ်။ ကိုခင်လှိုင်လည်း အဲဒီလိုပဲ။ ဒါ့ကြောင့် နှစ်ယောက်စလုံးဝတ်မဲ့ ၀တ်စုံကို ဆင်တူဝတ်လိုက်တယ်။ကိုခင်လှိုင်နဲ့ အတူတူ ၀ယ်ထားတဲ့ ၀တ်စုံကိုဝတ်ခဲ့ ပါတယ်"ဟု ၎င်းက ပြောသည်။

၂၀၁၃ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် တက်ရောက်လာသည့် အနုပညာရှင်တချို့ သည် အဆင်မပြေ ဖြစ်ခဲ့ရသည်ဆိုသည့် စကားသံများထွက်ပေါ်လာခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒိန်းဒေါင်က "အခုကားနေရာရပ်ဖို့အတွက် အခက်အခဲရှိကြတယ်။ ဒါပေမဲ့လည်း သူတို့ဘက်ကလည်း ဘာတွေအခက်အခဲတွေရှိမှန်းမှ မသိတာ။ အခုလို တက်ရောက်လာရတာ အဆင်မပြေတပြေပေါ"ဟု ၎င်းက ပြောသည်။

အကယ်ဒမီဒိန်းဒေါင်က အကယ်ဒမီထူးချွန်ဆုကို အားလုံးရရှိစချေင်သည်ဟု ဒိန်းဒေါင်က ပြောသည်။

Khin-Hlaing

ဓာတ်ပုံ - သက်ကို

Read 3153 times

Related items

  • ဆန်းသစ်တီထွင် အကယ်ဒမီပွဲတက် ဖက်ရှင်
  • အကယ်ဒမီမှန်းချက်နှင့် လွဲခဲ့ရသူများ

    Neto

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။

  • အကယ်ဒမီဆုရှင်များ၏ ရင်တွင်းစကားများ

    Academy-award-ceremony-26

    ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ

    ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။

    နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကားကို ဘာတွေပြောကြလဲ မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

  • အကယ်ဒမီပွဲ တက်ရောက်လာသူများ၏ ရင်ခုန်သံ

    Myanmar-Academy-award-9

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင် ကျင်းပလျက်ရှိသည်။

    အကယ်ဒမီပွဲသို့ တက်ရောက်လာသည့် မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၏ ရင်ခုန်သံစကားများကို မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

  • အကယ်ဒမီ ထူးချွန်ဆု ချီးမြင့်ပွဲ၏ အဓိက ပံ့ပိုးကူညီသူ အဖြစ် Alpine သောက်ရေသန့် ရရှိ

    ရန်ကုန်၊ ဒီဇင်ဘာ ၅။ ၂၀၁၃ ခုနှစ် အတွက် ချီးမြင့်မယ့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြင့်ပွဲ အတွက် အဓိက ပံ့ပိုး ကူညီ သည့်သူ အဖြစ် Alpine သောက်ရေသန့် ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့ သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ထုတ်ပြန် ခဲ့သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 560 guests and no members online