House Art

eng btn

Saturday, 27 December 2014 20:53

အကယ်ဒမီဆုရှင်များ၏ ရင်တွင်းစကားများ

Written by  မြင့်မြင့်စိုး

Academy-award-ceremony-26

ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။

နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကားကို ဘာတွေပြောကြလဲ မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

စန္ဒရားတင်ဝင်းလှိုင် (တေးဂီတဆု)

ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးကို အဖန်ဖန်အောင့်မေ့ပါတယ်။ သမားစဉ်ပါပဲ၊ ကြယ်စင်မော်ကွန်း ဇာတ်ကားမှာ တကယ်တော်တာက ဒါရိုက်တာ ပန်းချီစိုးမိုးပါ။ အရမ်းကောင်းတာကတော့ ဇာတ်ညွှန်းဆရာငြိမ်းမင်းပါ။


ခိုင်သင်းကြည် (အမျိုးသမီး ဇာတ်ပို့ဆု)

အမှန်အတိုင်းပြောရရင် အကယ်ဒမီဆုကို တကယ်ကို လိုချင်ခဲ့တာပါ။ ဘာကြောင့်လိုချင်ခဲ့တာလဲဆိုတော့ ပရိသတ်ကြောင့်ပါ။ ပရိသတ်က မခိုင်လေး အကယ်ဒမီရအောင်လို့ ဘုရားရှိခို၊ ပဌာန်းရွတ်ပြီး ဆုတောင်းပေးခဲ့တာပါ။
ပြီးတော့ အင်တာနက်ပေါ်မှာရောဖေ့ဘုတ်တွေပေါ်မှာရော တစ်ချိန်လုံးဆုတောင်းပေးနေတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

အဲဒါတကယ်အမှန်စကားပါ။ အကယ်ဒမီနဲ့ နှစ်အများကြီး မဆုံခဲ့ပါဘူး။ အခုလို ဆုရအောင် စုန်းပြူးဇာတ်ကားကို ရိုက်ခွင့်ပေးခဲ့တဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အနုပညာအလုပ်တွေကို စိတ်ဖြောင့်ဖြောင့် လုပ်လို့ရအောင် စံထိပ်ထားဦးကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ စံထိပ်ထားဦး ဖွားဖွား၊ မခိုင်လေးရဲ့ မာမီကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဘာပဲလုပ်လုပ်အားပေးခဲ့တဲ့ ဘဝလက်တွဲဖော်ကို ခန့်နိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။

မင်းဦး (အမျိုးသားဇာတ်ပို့ဆု)

ရတနာသုံးပါးနဲ့ မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါး။ အခု အဖေရောအမေရော တီဗီကနေကြည့်နေလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ဒီစင်ပေါ်ရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရတာပါ။ အမေနဲ့ အဖေကို ကန်တော့ပါတယ်။ အနုပညာလောကထဲမှာ ပထမဆုံးမွေးဖွားပေးခဲ့တဲ့ ဆရာဦးခင်ဇော်ကို ကန်တော့ပါတယ်။ ဆရာကိုမေ့လျော့ခဲ့တာတွေ
လိုအပ်တာတွေရှိခဲ့ရင် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ။

တက်ရောက်လာတဲ့ နိုင်ငံတော်အကြီးအကဲ အနုပညာရှင်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဒီကားမှာ ရိုက်ရအောင် ခေါ်ယူပေးခဲ့တဲ့ပရိုဂျုဆာ ဦးဝင်းကြည်၊ ဒါရိုက်တာ ဝိုင်းကတို့ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ အထူးကြိုးစားစရာမလိုဘဲ ဒီဆုကိုရအောင် ဒါရိုက်တာ ဝိုင်းက ရိုက်ပေးခဲ့တာပါ။ ဒီအချိန်အထိ ရပ်တည်ခွင့်ရအောင် စရိုက်မျိုးစုံကိုသရုပ်ဆောင်ခွင့်ရအောင် အမြဲတမ်းအားပေးနေတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

ဝိုင်း (ဒါရိုက်တာဆု) (စေတန်ရဲ့ကချေသည်)

အားလုံးကို ဦးညွှတ်ပါတယ်။ ဇော်ကကနေသည် ဇာတ်ကားမှာ ဒါရိုက်တာဆု ရခဲ့တဲ့ ဦးမီးပွားပြောခဲ့သလိုပြောပါ့မယ်။ "ဝိုင်းအကယ်ဒမီရပါပြီ။" ပြီးတော့ ကျွန်တော့်ဆရာ ဦးကျော်ဟိန်းပြောခဲ့သလိုပါပဲ။ "လူသားအားလုံးကို ကျေးဇူးတင်ပါတယ်။"  ကျွန်တော့်ကို ဝိုင်းကူညီတဲ့ ညီ၊ ညီမတွေ ပရိသတ်တွေပြီးတော့ ယုံယုံကြည်ကြည် လက်တွဲခေါ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊
မခင်စန္ဒာမြင့် တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဦးငြိမ်းမင်း အကယ်ဒမီရတုန်းက ပြောခဲ့တဲ့ အတိုင်း ဒီထက်မက ထူးချွန်အောင် ကြိုးစားပါ့မယ်။ ပြီးတော့ ရုပ်ရှင်လောက တိုးတက်အောင်လည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ကြိုးစားပါမယ်။

ဝတ်မှုန်ရွှေရည် (အမျိုးသမီး ဇာတ်ဆောင်ဆု) (နင်စေရင်)

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ အကဲဖြတ်လူကြီးမင်းများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဧည့်သည်တော်များနှင့် ပရိသတ်များအားလုံးကိုဂါရဝပြုပါတယ်။ ကစ်အရမ်းပျော်ပါတယ်။ ပရိသတ်တွေလည်း ပျော်မယ်ထင်ပါ တယ်။ ပရိသတ်ဆုတောင်းပေးတဲ့ မေတ္တာကြောင့် ရတာလို့ထင်ပါတယ်။ ပြီးတော့ ကစ်မေမေကို အရမ်းကျေးဇူးတင်ပါတယ်။ ကစ်ရှေ့ကနေ အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ်။ ဖေဖေ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကစ်ကို ပရိသတ်သိအောင် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့ Kanebo ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ကစ်ကို အကယ်ဒမီရစေချင်တဲ့ အနုပညာညီအစ်ကို မောင်နှမများကိုလည်း ကျေးဇူးတင်ပါတယ်။ စိန်ဌေးက ဦးဝင်းကြည်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇိုင်နာ မိုးကုတ်ပေါက် ပေါက်ကိုလည်း ကျေးဇူးတင်ပါတယ်။

ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု) ( နင်စေရင်)

ရတနာသုံးပါးနဲ့ မိဘနှစ်ပါးကိုကျေးဇူးတင်ပါတယ်။ အခု အကယ်ဒမီဆု ချီးမြှင့်တဲ့ ပွဲက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပထမဆုံး ကျင်းပတဲ့ ပွဲဖြစ်တယ်။ အားလုံးစုံစုံညီညီတက်ရောက်ပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အလုပ်မအားတဲ့ ကြားကနေတက်ရောက်ပေးတဲ့ နာယကကြီးတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အကယ်ဒမီအကဲဖြတ်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီအချိန်ကိုမရောက်ခင်ကြားထဲမှာ ဒုက္ခတွေစိတ်ဓါတ်ကျတဲ့ အချိန်တွေအများကြီးပါပဲ။ အခု ဒီအချိန်ကိုရောက် လာပါပြီ၊
ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်တော့မှာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံက ကံဇာတာ အကောင်းတကာ အကောင်းဆုံး ကံဇာတာခွင်ထဲ ရောက်နေပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော်အကောင်းဆုံး တာဝန်ကျေအောင်ကြိုးစားပါ့မယ်။

Read 2360 times Last modified on Sunday, 28 December 2014 16:15

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 446 guests and no members online