House Art

eng btn

Friday, 05 December 2014 17:26

အလှမယ် အိန်ဂျယ်လမုန် Miss Intercontinental 2014 ပြိုင်ပွဲတွင် ဆုများဖြင့် လွဲချော်ခဲ့

Written by  ပန်းမြတ်ဇော်

ရန်ကုန်၊ ဒီဇင်ဘာ ၅။ ဂျာမနီနိုင် ငံ မာ့ဂ်ဒီဘတ်  တွင် နိုဝင်ဘာလ (၂၄)ရက်မှ ဒီဇင်ဘာလ (၄)ရက်အထိ ကျင်းပ ပြုလုပ် ခဲ့သည့် Miss Intercontinental 2014 ကမ္ဘာ့ အလှမယ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်သည့် အလှမယ် အိန်ဂျယ် လမုန်မှာ  နောက်ဆုံး ဆန်ခါတင် ၁၆ ဦး အဆင့်ထိ တက်ရောက်နိုင် ခဲ့သော်လည်း ဆုများဖြင့် လွဲချော် ခဲ့သည်။

Angle 

ဆုများ လွဲချော် ခဲ့ရခြင်း အတွက် "အားလုံးပဲ Angel အတွက်‌ ည မအိပ်‌ပဲ အားပေးခဲ့တာ အားပေး ရကျိုး မနပ်‌ခဲ့ဘူး။ တောင်း ပန်‌ ပါတယ်‌။ Angel အ‌ကောင်း ဆုံးကို ကြိုးစား ခဲ့ပါတယ်‌။ နောက်ဆုံး ဆန်ကာတင် အထိပဲ ပါနိုင်ခဲ့တာ ခွင့်‌လွှတ်‌ပါ" ဟုအလှမယ် အိန်ဂျယ်လမုန်က ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင်ရေး သားထားသည်။

Miss Intercontinental 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး နိုင်ငံပေါင်း (၈၀)ကျော်မှ နိုင်ငံ ကိုယ်စားပြု အ လှမယ်များ ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်ကာ မြန်မာနိုင်ငံမှ နောက်ဆုံး အကြို ဗိုလ်လုပွဲ အဖြစ် ရွေးချယ်ခဲ့သည့် ဆန်ခါတင် ၁၆ ယောက် အထိ တက်ရောက်နိုင် ခဲ့ခြင်း ဖြစ်သည်။

ဆန်ခါတင် ၁၆ ယောက်မှ နောက်ဆုံး အဆင့် ခြောက်ဦး ရွေးချယ် ခဲ့ရာတွင် ကျူဘား၊ အာဂျင်တီးနား၊ ဖလစ်ပိုင်၊ တောင်အမေရိက၊ ပေါ်တူဂီနှင့် ထိုင်းနိုင်ငံ တို့မှ တက်ရောက် နိုင်ခဲ့ပြီး Miss Intercontinental 2014 winner အဖြစ် ထိုင်းနိုင်ငံ၊ 1st runner up ကို ကျူဘားနှင့် 2nd runner up ကို ဖိလစ်ပိုင် နိုင်ငံတို့ မှအသီးသီး ရရှိခဲ့ ကြသည်။

အလှမယ် အိန်ဂျယ်လမုန်သည် ဂျာမနီနိုင်ငံ မာ့ဂ်ဒီဘတ်မှ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

Read 1052 times Last modified on Friday, 05 December 2014 17:45

Related items

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 51 guests and no members online