House Art

eng btn

Sunday, 30 November 2014 16:26

အကယ်ဒမီ ရွှေကြို ဆန်ကာတင် ၅၀ ဦး စာရင်းကို ဒီဇင်ဘာ ပထမပတ်အတွင်း ကြေညာမည်

Written by  မြင့်မြင့်စိုး

ရန်ကုန်၊ နိုဝင်ဘာ ၃၀။ အကယ်ဒမီ ရွှေစင်ရုပ်ဆုများ ကိုင်ဆောင်ရန် အကယ်ဒမီ ရွှေကြိုများ လူတွေ့ စစ်ဆေးခြင်းကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး ထိုနေ့ တွင် ၂၇၁ ဦးကို လူတွေ့ စစ်ဆေးခဲ့ကာ ၎င်းတို့ထဲမှ ဆန်ခါတင် ၅၀ ဦးကို ဒီဇင်ဘာ ၃ ရက်တွင် ကြေငြာမည် ဖြစ်ပြီး ၎င်းတို့ထဲမှ အမျိုးသား ငါးဦးနှင့် အမျိုးသ မီး ငါးဦးကို ရွှေကြိုများအဖြစ် ရွေးချယ် သွားမည်ဟု ရုပ်ရှင် အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက မဇ္စျိမကို ပြောသည်။

 Academy

လူတွေ့စစ်ဆေးမှုတွင် လာရောက် စစ်ဆေးခံကြ သူများ။ ဓာတ်ပုံ - သက်ကို

“အခု ကျွန်တော်တို့က လူအားလုံးကို ခေါ်ပြီးလူတွေ့ စစ်ဆေးတာပါ။ ပထမက လူတွေ့ စစ်ဆေးတာကို ဆန်ခါတင် ၅၀ ကိုပဲ လုပ်မလို့ပါ။ ဒါပေမဲ့ တရားမျှတမှု ရှိအောင်လို့ အားလုံးကို ခေါ်ပြီး လူတွေ့ စစ်ဆေး တာပါ"ဟု ရွှေကြို ရွေးချယ်ရေးတွင် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အကယ်ဒမီ ရန်အောင်က ပြောသည်။

လာရောက် လျှောက်ထား ကြသည့် ရွှေကြိုများသည် အရပ်အမောင်း လိမ်လည်မှုများ ရှိခြင်းကြောင့် ရွေးချယ်ရေး အဖွဲ့မှ တရားမျှတမှု ရှိစေရန် စိစစ်ရွေးချယ် လျက် ရှိသည်ဟု ၎င်းက ထပ်မံ ပြောသည်။

"အခုစစ်ဆေး တော့မှပဲ အရပ် ၅ပေ ရှိတာကို ၅ပေ ၃လက်မ လုပ်ထား တာတွေ၊ အရပ်လိမ်ထား တာတွေကို တွေ့နေရတယ်။ အဲဒါတွေကို သေချာ စိစစ်ပြီးရွေး ချယ် သွားမှာပါ”ဟု ရန်အောင်က ဆိုသည်။

အကယ်ဒမီ ရွှေကြိုများ ရွေးချယ်ပြီး ပါက အနီးကပ် သင်ကြား ပို့ချပေး သွားမည် ဖြစ်သည်။ အကယ်ဒမီ ရွှေကြို အမျိုးသား များကို ယခုမှပထမဆုံးအဖြစ်စတင် ထည့်သွင်းခြင်း ဖြစ်သည့်အတွက် ၎င်းတို့ကို ပုံမှန်ထက် ပိုမိုလေ့လာ သင်ကြားပေးသွားမည်ဟု ၎င်းက ပြောသည်။

အကယ်ဒမီ ရွှေကြိုများ၏ အဝတ်အစား များနှင့် မိတ်ကပ်များ လိမ်းခြယ်မှု အတွက် ဒီဇင်ဘာ ပထမပတ် အတွင်း၌ပင် တင်ဒါများ ခေါ်ယူကာ ဆောင်ရွက် သွား မည်ဟု အကယ်ဒမီ ရန်အောင်က ပြောသည်။

 

Read 851 times Last modified on Sunday, 30 November 2014 16:43

Related items

  • ဆန်းသစ်တီထွင် အကယ်ဒမီပွဲတက် ဖက်ရှင်
  • အကယ်ဒမီမှန်းချက်နှင့် လွဲခဲ့ရသူများ

    Neto

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ပရိသတ်ခန့်မှန်းချက်နှင့် လွဲမှားမှုများကြုံခဲ့ရသည့် အနုပညာရှင်များကို မဇ္ဈိမမှ လေ့လာကြည့်ဖြစ်ခဲ့သည်။

  • စပွန်ဆာ အ၀တ်အစားအဆင်မပြေဖြစ်ခဲ့ကြရသည့် ဒိန်းဒေါင်နှင့် ခင်လှိုင်

    ၂၀၁၃ခုနှစ် အကယ်ဒမီပွဲတက်ဝတ်စုံကို ကူညီပံ့ပိုးသည့် စပွန်ဆာများ၏ အ၀တ်အစားများကြောင့် ဒီဇင်ဘာ ၂၇ရက်တွင် တက်ရောက်မည့် အကယ်ဒမီပေးပွဲ၌ အခက်အခဲများတွေ့ခဲ့ ကြရသည်ဟု ဒိန်းဒေါင်က မဇ္စျိမကို ပြောသည်။

  • အကယ်ဒမီဆုရှင်များ၏ ရင်တွင်းစကားများ

    Academy-award-ceremony-26

    ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ

    ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် နောက်ခံတေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု ခြောက်ဆု ပေးအပ်ခဲ့သည်။

    နောက်ခံတေးဂီတဆုကို စန္ဒယား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆု ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆု မင်းဦး၊ အမျိုးသမီး ဇာတ်ဆောင်ဆု ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး၊ ဒါရိုက်တာဆု ဝိုင်းတို့က အသီးသီး ရရှိခဲ့သည်။ ဆုရရှိသူများက ဆုရပြီးတဲ့နောက် ဘယ်လိုခံစားရလဲ၊ ကျေးဇူးတင်စကားကို ဘာတွေပြောကြလဲ မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

  • အကယ်ဒမီပွဲ တက်ရောက်လာသူများ၏ ရင်ခုန်သံ

    Myanmar-Academy-award-9

    ဓာတ်ပုံ - သက်ကို

    ၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် ညနေ ၄နာရီမှ စတင် ကျင်းပလျက်ရှိသည်။

    အကယ်ဒမီပွဲသို့ တက်ရောက်လာသည့် မင်းသား၊ မင်းသမီးများ၊ ဒါရိုက်တာများ၏ ရင်ခုန်သံစကားများကို မဇ္ဈိမသတင်းထောက် မြင့်မြင့်စိုးက စုစည်းတင်ပြထားသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 421 guests and no members online