House Art

eng btn

tommy-chong

ကမ္ဘာကျော် ဟာသ သရုပ်ဆောင် Tommy Chong က သူသည် အစာဟောင်းအိမ်ကင်ဆာ (rectal cancer) ရောဂါအတွက် ဆေးကုသမှု ခံယူနေရကြောင်း ပြောကြားခဲ့သည်။ Tommy Chong မှာ ၁၉၇၀ ပြည့်လွန်နှစ်များက “Cheech and Chong” ဟာသဇာတ်မြူး ဖြင့် လူသိများခဲ့သူ ဖြစ်သည်။

ကွန်တက်မြူးဇစ် (နယူယးယော့ခ်)။ ။ နာမည်ကျော် အဆိုတော် မိုင်လေဆိုင်းရက်စ်သည် AIDS သုတေသနအဖွဲ့ amfAR ရန်ပုံငွေအတွက် ၎င်း၏ အနုပညာလက်ရာ ပန်းချီကာသုံးချပ်ကို  ဇွန် ၁၆ရက်က လေလံတင်ရောင်းချခဲ့ကြောင်းနှင့် အဆိုပါပန်းချီကားများသည်  ကိတ်လန်ဂျန်နာ Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံကို ပြန်လည်ပုံဖော်ရေးဆွဲထားသည့် ပန်းချီကားများဖြစ်သည်။

Donald-Trump

ကနေဒါ အဆိုတော်နှင့် သီချင်းရေးဆရာဖြစ်သူ နေး(လ်)ယန်း က အိမ်ခြံမြေလုပ်ငန်း ဘီလျံနာ ဒေါ်နယ်(လ်)(ဒ်)ထရမ့်(ပ်) အနေဖြင့် ရီပတ်ဘလစ်ကန်ပါတီအတွက် အမေရိကန် သမ္မတလောင်းအဖြစ် ရွေးချယ်အဆိုပြုခံရရေး မဲဆွယ်စည်းရုံးမှုတွင် သူ၏ သီချင်း “Rockin’ In The Free World” ကို အသုံးပြုခဲ့ခြင်းနှင့် ပတ်သတ်၍ ဝေဖန်ပြောဆိုလိုက်သည်။

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ ဟောလီးဝုဒ် မင်းသားကြီး အာနိုးသည်  ဇူလိုင်၂ ရက်တွင် ကိုရီးယားနိုင်ငံ၌ပြသမည့် Terminator 5 ရုပ်ရှင်ကား အရောင်းမြှင့်တင်ရေးအတွက် ဇွန်လနှောင်းပိုင်းတွင် ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်မည် ဖြစ်သည်။

madonna

စတားပလက်စ် (နယူးယောက်ခ်)။ ။ ပေါ့ပ်ဘုရင်မ မက်ဒေါနားသည်  ၎င်း၏ နောက်ဆုံး တေးသီချင်း ဗီဒီယို B*tch I’m Madonna တွင် ပါဝင်ကူညီပေးရန် မိုင်လေဆိုင်းရက်စ်၊ ကေတီပယ်ရီ၊ ရီထာအိုရာနှင့် ဘီယွန်စေးတို့ကို ကမ်းလှမ်းခဲ့သည်။

Fenton

ဗြိတိသျှ ကဗျာဆရာနှင့် ဂျာနယ်လစ်ဖြစ်သူ ဂျိမ်း(စ်)ဖန်တန် သည် Pen Pinter စာပေဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထိုဆုမှာ လွတ်လပ်စွာ စာပေရေးသားခွင့်နှင့် ပတ်သတ်သော ဆုဖြစ်သည်။

ရန်ကုန်၊ ဇွန် ၁၆ ။      ။ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲတွင် မြိတ်မြို့ကိုယ်စားပြု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်နိုင်မည့် Miss Universe Myeik 2015 ရွေးချယ်ပွဲကို ဇူလိုင် ၂၅ရက်တွင် မြိတ်မြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

မေးအွန်လိုင်း (လော့စ်အိန်ဂျလိစ်)။ ။ ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်နှင့် အဆိုတော် ကာနေးဝပ်စ်တို့သည် သမီးဖြစ်သူ နော့စ်၏ နှစ်နှစ်ပြည့် မွေးနေ့ပွဲကို ဇွန် ၁၅ ရက်က ကာလီဖိုးနီးယားပြည်နယ်ရှိ Disneyland ကစားကွင်းတွင် မိသားစုဝင်များ၊ အပေါင်းအဖော်များနှင့်အတူ ပျော်ရွှင်စွာ ကျင်းပခဲ့သည်။

taeyeon

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား အမျိုးသမီး တေးသံရှင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော Girls’ Generation အဖွဲ့မှ တေးယောင်သည် မိဘများအတွက် ဂျေဂျူမြို့ရှိ ဈေးအကြီးဆုံး တိုက်ခန်းကို ဝယ်ပေးခဲ့သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က Easy Myanmar Travel & Tour ကုမ္ပဏီ၏ အကူအညီဖြင့် Easy Htwe Oo Myanmar အဆင့်မြင့် ရုပ်သေးရုံ တစ်ခုကို ဇွန် ၁၃ ရက်တွင် ဆူးလေ ဘုရားလမ်းတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခင်မောင်ထွေးက မဇ္ဈိမကို ပြောသည်။

Last modified on Tuesday, 16 June 2015 15:07

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 52 guests and no members online