House Art

eng btn

အထူးသတင်းများ:
 
 
Written by 
Prisoners-released-banner

News M logo

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောက်လှမ်းရေးဟောင်းများ လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများ မပါခြင်းကြောင့် ဝေဖန်မှုများထွက်ပေါ်

သမ္မတ ဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း အရေအတွက်အများဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား သုံးထောင်ကျော်ကို စက်တင်ဘာ ၇ ရက်က လွှတ်ပေးလိုက်သည်။ အပြည့်အစုံ ဖတ်ရှုရန်

General-U-Thein-Swe-1

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သော တပ်မတော်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်(ဟောင်း) ဦးသိန်းဆွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာ ၇ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) သမ္မတ၏ ၁၅ ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၃,၀၀၀ ကျော်ကို လွှတ်ပေးခဲ့သောလည်း နိုင်ငံရေး အကျဉ်းသားတစ်ဦးသာ ပါဝင်သည်ဟုဆိုသည်။

Pics logo
ဗိုလ်မှူးချုပ် (ဟောင်း) ဦးသိန်းဆွေ ရန်ကုန်ရောက်ပြီ

ထောင်ဒဏ် ၁၅၂ နှစ် ချမှတ်ခံခဲ့ရသည့် ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ် (ဟောင်း) ဦးသိန်းဆွေသည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင်းခြံထောင်မှ လွတ်မြောက်လာပြီး အောက်တိုဘာ ၇ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)

General-U-Thein-Swe

News M logoပဲခူးတိုင်းအတွင်း အကျဉ်းထောင် ၄ ခုမှ အကျဉ်းသား ၁၂၉ ဦးလွတ်

ရေခဲ (ပြည်)

ပြည် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ သာယာဝတီ၊ တောင်ငူနှင့် ပြည်အကျဉ်းထောင်တို့မှ အကျဉ်းသား ၁၂၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်။ အပြည့်အစုံ ဖတ်ရှုရန်

News M logoတောင်ကြီး တောင်လေးလုံး ထောင်မှ ၇၅ ဦးလွတ်

ဂျွန်ချစ်ငြိမ်း

တောင်ကြီး (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်လေးလုံးအကျဉ်းထောင်မှ အကျဉ်းသား ၇၅ ဦး အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီခွဲခန့်က လွတ်မြောက်လာသည်။

လွတ်မြောက်လာသည့် အကျဉ်းသားများတွင် အမျိုးသား ၆၆ ဦး နှင့် အမျိုးသမီး ၉ ဦး လွတ်မြောက်လာပြီး လွတ်မြောက်လာသူ အားလုံးမှာ သာမာန် ပြစ်မှုများဖြင့် အကျဉ်းကျခံရသူများ ဖြစ်သည်။

News M logoပြည် အကျဉ်းထောင်မှ အကျဉ်းသား ၁၈ ဦးလွတ်

ရေခဲ (ပြည်)

ပြည် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၁၈ ဦး အောက်တိုဘာ ၇ ရက်တွင် လွတ်မြောက်လာခဲ့သည်ဟု ပြည်အကျဉ်းထောင်မှ ထောင်ပိုင်ကြီးက ပြောသည်။

Pyi-Prison

“၄၀၁ ပုဒ်မခွဲ(၁)အရ နိုင်ငံတော်သမ္မတရုံးအမိန့်အရ လွတ်တာ။ နောက်တစ်ကြိမ် ထပ်မံအပြစ်ကျူးလွန်ရင် ကျန်တဲ့ကာလ
ပြန်ကျခံရမယ်လို့ စည်းကမ်းသတ်မှတ်ပြီး ပြန်လွှတ်ပေးတာပါ” ဟု ပြည်အကျဉ်းထောင် ထောင်ပိုင်ကြီးက ပြောသည်။

လွတ်မြောက်လာသူများသည် ကျား ၁၇ ဦး၊ မ ၁ ဦးပါဝင်ပြီး သာမန်ပြစ်မှု ပုဒ်မများဖြင့် အကျဉ်းကျခဲ့သူများသာ ပါဝင်သည်။

ပြည်ထောင်တွင် ယခင် တပ်မတော် ထောက်လှန်းရေးတပ်မှ ဗိုလ်မှူးကြီးတစ်ဦး၊ ပြည်နှင့် ပန်းတောင်းမြို့မှ နိုင်ငံရေးသမား (၁၀) ဦးကျော် အကျဉ်းကျခံနေရသည်။

News M logoမြစ်ကြီးနား အကျဉ်းထောင်မှ KIA အဖွဲ့ဝင်တစ်ဦးလွတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့ဝင် မာလ(ခေါ်)လဘိန်မှာ အောက်တိုဘာ ၇ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် လွတ်မြောက်လာသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင် က မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံးတွင် လွတ်မြောက်ရန် ကျန်သေးသည့် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ရှိပြီး ၁၃ ဦးခန့်သာ လွတ်မြောက်မည်ဟု ခန့်မှန်းသည်ဟုလည်း ၎င်းက ပြောသည်။

News M logoထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ်(ဟောင်း) သိန်းဆွေနှင့် အင်တာဗျူး

အင်တာဗျူး

 Thein-Swe-2ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၀၄ခုနှစ် အောက်တိုဘာလ ၁၉ရက်က အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု
ဥပဒေ (အပစ-၃) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ၅(စ) စသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၅၂ နှစ် ချမှတ်ခံခဲ့ရသည့် ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ် (ဟောင်း) ဦးသိန်းဆွေသည် အကျဉ်းကျပြီး ၁၀ နှစ်ပြည့်ရန် ၁၆ ရက်အလို အောက်တိုဘာ ၇ ရက်က မြင်းခြံထောင်မှ လွတ်မြောက်လာပြီ ဖြစ်သည်။ ၎င်းက အောက်တိုဘာ ၂၉ရက်တွင် အသက် ၇၁ နှစ် ပြည့်မည်ဖြစ်သည်။ ဗိုလ်မှူးချုပ်(ဟောင်း) ဦးသိန်းဆွေအား အကျဉ်းထောင်ထဲမှ ထွက်လာအပြီး ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မဇ္ဈိမက သီးသန့်မေးမြန်းထားသည်ကို ကောက်နုတ်
ဖော်ပြလိုက်သည်။ အပြည့်အစုံ ဖတ်ရှုရန်

News M logoသရက်အကျဉ်းထောင်မှ ၂၉ ဦးလွတ်

မကွေးတိုင်း၊ သရက်မြို့ရှိ သရက်အကျဉ်းထောင်မှ အကျဉ်းသား ၂၉ ဦး လွတ်မြောက်လာရာမှာလည်း ရိုးရိုးသာမန်ပြစ်မှု ပြစ်ဒဏ်တွေသာ ပါဝင်ကြောင်း မဇ္ဈိမ၏ မကွေးသတင်းထောက် ဝိုင်းအောင်က သတင်းပေးပို့သည်။ အပြည့်အစုံ ဖတ်ရှုရန်

News M logoကလေးအကျဉ်းထောင်မှ အယောက် ၅၀ လွတ်လာ

စစ်ကိုင်းတိုင်း၊ ကလေး အကျဉ်းထောင်မှ အကျဉ်းသား အယောက် ၅၀ အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီတွင် လွတ်မြောက်လာပြီဟု မဇ္ဈိမသတင်းဌာန၏ ကလေးအခြေစိုက် အလွတ်တန်းသတင်းထောက်က သတင်းပေးပို့သည်။ အပြည့်အစုံ ဖတ်ရှုရန်

Pics logoသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာ ၇ ရက်တွင် ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- စည်သူမောင်မောင်၊ မဇ္ဈိမ) ဧရာဝတီတိုင်းအတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၁၀ ဦး လွတ်မြောက်လာခဲ့သည်။

Pathein-Prison

News M logo

ဧရာဝတီတိုင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၁၀ ဦးလွတ်မြောက်

အသက် ၇၅ နှစ်အထက် အကျဉ်း သား ၃ ဦးပါဝင်

ပုသိမ် (မဇ္ဈိမ) ။ ။ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာအကျဉ်းသား ၃၀၇၃ ဦး နှင့် နိုင်ငံခြားသား ၅၈ ဦးကို စက်တင်ဘာ ၇ ရက်တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာ ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၂၁၀ ဦး ပါဝင်သည်ဟု ဧရာဝတီတိုင်း၊ အကျဉ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ အပြည့်အစုံ ဖတ်ရှုရန်

News M logo

ပခုက္ကူထောင်မှ ၁၀ ဦးလွတ်မြောက်

မကွေး (မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး အောက်တိုဘာ ၇ ရက်တွင် လွတ်မြောက်လာပြီး ဒု-ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦးပါဝင်သည်ဟု ပခုက္ကူ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အပြည့်အစုံ ဖတ်ရှုရန်

Pics logo

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသားများ လွတ်လာသည့် မြင်ကွင်း

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ထောင်မှ အကျဉ်းသားများ အောက်တိုဘာ ၇ ရက်က လွတ်မြောက်လာစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊မဇ္ဈိမ)

Yangon-Prison-Deliverance

News M logo

အင်းစိန်အကျဉ်းထောင်မှ အမျိုးသား ၄၇ ဦးလွတ်ပြီ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်၊ အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးမည်ဖြစ်ရာ ဒုတိယအသုတ်တွင် နေ့လည် ၂ နာရီ၌ အမျိုးသား ၄၇ ဦး လွတ်မြောက်လာပြီဖြစ်သည်။ အပြည့်အစုံ ဖတ်ရှုရန်

Pics logoမန္တလေး အိုးဘိုထောင်မှ ပထမအသုတ်အဖြစ် အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ နာရီခန့်တွင် လွတ်မြောက်လာသည့် အမျိုးသမီး အကျဉ်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)

Mandalay-Prison-1
News M logo

အင်းစိန်အကျဉ်းထောင်မှ ပထမအသုတ် အမျိုးသမီး ၄၇ ဦး လွတ်ပြီ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်၊ အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးမည်ဖြစ်ပြီး ပထမအသုတ်အဖြစ် အမျိုးသမီး ၄၇ ဦးကို အောက်တိုဘာ ၇ ရက် နေ့လည် ၁ နာရီတွင် လွတ်မြောက်လာခဲ့သည်။ အပြည့်အစုံ ဖတ်ရှုရန်

Pics logoမန္တလေး အိုးဘိုထောင်မှ ပထမအသုတ်အဖြစ် အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ နာရီခန့်တွင် လွတ်မြောက်လာသည့် အမျိုးသမီး အကျဉ်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) Mandalay-Prison
News M logo

မန္တလေးအကျဉ်းထောင်မှ ၁၆၀ ကျော်လွှတ်မည်

မန္တလေး အိုးဘိုအကျဉ်းထောင်မှ အောက်တိုဘာ ၇ ရက်တွင် လေးဖွဲ့ခွဲ၍ အကျဉ်းသား ၁၆၀ ဦး လွှတ်ပေးမည်ဖြစ်ပြီး ပထမအသုတ်အဖြစ် အမျိုးသမီး ၂၇ ဦး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် လွတ်မြောက်လာသည်။ အပြည့်အစုံ ဖတ်ရှုရန်

News M logo

အကျဉ်းသားများ လွတ်မြောက်မှုတွင် ထောက်လှမ်းရေး အရာရှိများပါဝင်

ရန်ကုန် (မဇ္ဈိမ) ။ ။ သမ္မတ၏ အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား သုံးထောင်ကျော်ကို အောက်တိုဘာ ၇ရက်တွင် လွှတ်ပေးလိုက်ရာ ထောက်လှမ်းရေး အကြီးအကဲများလည်း ပါဝင်ခဲ့သည်။ အပြည့်အစုံ ဖတ်ရှုရန်

News M logo

မြန်မာအကျဉ်းသား သုံးထောင်ကျော်နှင့် နိုင်ငံခြားသား ၅၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရန်ကုန်(မဇ္ဈိမ) ။ ။ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာအကျဉ်းသား ၃၀၇၃ ဦး နှင့် နိုင်ငံခြားသား ၅၈ ဦးကို ယနေ့ (အောက်တိုဘာ ၇ရက်) တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ အပြည့်အစုံ ဖတ်ရှုရန်

Read 10933 times Last modified on Wednesday, 08 October 2014 09:31

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 92 guests and no members online