House Art

eng btn

အထူးသတင်းများ:
 
 

ရန်ကုန်၊ ဇွန် ၁၈ ။      ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏ ဒုတိယအကြိမ် ပညာရေးညီလာခံ ပထမနေ့တွင် ကျောင်းသား များ ပြန်လည်လွှတ်မြောက်ရေး အပါအ၀င် အချက်နှစ်ချက်ကို ညီလာခံက တောင်းဆိုလိုက်သည်။

နေပြည်တော်၊ ဇွန်၁၈ ။       ။ ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇွန် ၁၈ရက်တွင်) အတည်ပြုလိုက်သည့်အမျိုးသားပညာရေးဥပဒေ တွင်ကျောင်းသားများတောင်း ဆိုချက်များ လွှတ်တော်တွင် ရှုံးနိမ့်သွားသည့်အတွက် ဆပ်စပ်ဥပဒေများတွင် ဥပဒေဘောင်အတွင်းက တောင်းဆိုသွားရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက မီဒီယာများကို ပြောသည်။

ရန်ကုန်မြို့ဝဇီရာရုံတွင် ပြုလုပ်နေသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် ဝင်ရောက်ပြသသည့် ဂေးလ်တစ်ဦးအကြောင်း ရိုက်ကူးပြသထားသော မှတ်တမ်းရုပ်ရှင်သည် ပြီးခဲ့သည့်ကာလများအတွင်း နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ပြောင်းမှုကို ဆောင်ရွက်နေလင့်ကစား ယခင်စစ်အာဏာရှင်ခေတ်ကအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု မီးမောင်းထိုးသတိပေးထားသည်။

ချင်းမိုင်၊ ဇွန် ၁၈ ။        ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ ရဲတပ်ဖွဲ့များ၏ ရဲကင်းများတွင် ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ခဲ့ပြီး ရဲအရာရှိ နှစ်ဦးနှင့် ရဲဘော် တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

DASSK-1

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

အေအက်ဖ်ပီ (ဝါရှင်တန်)။ ။ လူနည်းစုများကို နိုင်ငံသားပေးခြင်းနှင့် ပတ်သက်၍ သတိရှိရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး အတိမ်းအစောင်းမခံသော ပြဿနာကို အလွန်သတိထား၍ ကိုင်တွယ်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ လူနည်းစု ပြဿနာနှင့် ပတ်သက်၍ မှတ်ချက်ပေးခဲသူလည်းဖြစ်သည်။

နေပြည်တော် (မဇ္ဈိမ)။ ။ သမ္မတ အပါအဝင် အစိုးရဝန်ထမ်းတို့အား ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်
ပေးထားသည့်  ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ခုနစ်ခုကို ပြန်လည်ပြင်ဆင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့
လွှတ်တော်ရေးရာ ကော်မတီများက ဆောင်ရွက်ကြရန် သူရဦးရွှေမန်းက ဇွန် ၁၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာဝန်ပေးခဲ့သည်။

Last modified on Thursday, 18 June 2015 09:50

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေးနှင့် ပတ်သက်ပြီး မဲစာရင်းများ မှန်ကန်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့ ပူးပေါင်းဆောင်ရွက်ရေးကို ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အရပ်ဘက်အဖွဲ့ အချို့ထံမှ သိရသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရသစ် လက်ထက်တွင် ကချင်ပြည်နယ်အတွင်း သဘာဝသယံဇာတ စီမံခန့်ခွဲမှု တိုးတက်လာခြင်း မရှိဘဲ ဒေသခံပြည်သူများမှာ သဘာဝသယံဇာတများ ဆုံးရှုံးနစ်နာမှုကို ရင်ဆိုင်ခံစားနေရဆဲ ဖြစ်သည်ဟု ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) ပြောရေးဆိုခွင့်ရှိသူ ကိုစားဂျီးက မဇ္ဈိမကို ပြောသည်။

Last modified on Thursday, 18 June 2015 09:18

ရန်ကုန်၊ ဇွန် ၁၇ ။        ။ ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် စီမံကိန်းများ လုံးဝပယ်ဖျက်ပေးရေး လူထုလက်မှတ်ကောက်ခံကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ စာတင်သွားမည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆရာတော်ဦးပါမောက္ခက ဇွန်လ ၁၇ရက်က မိန့်ကြားသည်။

ရန်ကုန် ဇွန် ၁၇ ။        ။ လက်ပံတန်းရှိ ကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းသည့် အတွက်   ၂၀၁၅ ခုနှစ်၊ မတ် ၁၀ ရက်က  ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးမှပြည် လမ်းတစ်လျှောက်  လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူများ ဖြစ်သော ကိုနန္ဒစစ်အောင်၊ မပိုပိုနှင့် ၀န်းရံပြည်သူ တစ်ဦးကို လာမည့်ဇွန် ၂၅ ရက်တွင် စတင်စစ်ဆေးသွားမည်ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 41 guests and no members online