House Art

eng btn

အထူးသတင်းများ:
 
 
Thursday, 18 June 2015 23:15

ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ

Written by 

Mars in thiland

ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ် ဇွန် ၁၈ရက်က တွေ့ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသည်ဟု အေဖက်ပီ သတင်းတစ်ရပ်က ဖော်ပြထားသည်။

၎င်းသည် အရှေ့အလယ်ပိုင်းနိုင်ငံက လာသူဖြစ်ပြီး မားစ်ရောဂါ လက္ခဏာတွေ့ရှိကြောင်းကို ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီး ယင်းလူနာသည် ထိုင်းနိုင်ငံသို့ ၎င်း၏ မိသားစုနှင့်အတူ ရောက်ရှိလာသည်မှာ သုံးရက်သာ ရှိသေးသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် လူဦးရေ ၂၀ဦးကို မားစ်ရောဂါပိုး ရှိမရှိ ထိုင်းနိုင်ငံက အသေအချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီလည်း ဖြစ်ပြီး စစ်ဆေးခံရသူ အားလုံးတွင် ရောဂါလက္ခဏာ မတွေ့ရှိဟု ဆိုသည်။

အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းရောဂါ မားစ်သည် လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံတွင် တွေ့ကြုံနေရပြီး ရောဂါပိုးရှိသူ ၁၆၅ဦး အထိရှိပြီဖြစ်ကာ သေဆုံးသူ ၂၃ဦးထိ ရှိပြီဖြစ်သည်။

 

Read 4052 times Last modified on Friday, 19 June 2015 00:08

Latest from Mizzima News

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 58 guests and no members online