House Art

eng btn

အထူးသတင်းများ:
 
 

Mars in thiland

ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ် ဇွန် ၁၈ရက်က တွေ့ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသည်ဟု အေဖက်ပီ သတင်းတစ်ရပ်က ဖော်ပြထားသည်။

Last modified on Friday, 19 June 2015 00:08

 

ရိုဟင်ဂျာများအပေါ် လုပ်ရပ်များအတွက် အာဆီယံက မြန်မာကို အရေးယူရန် မလေးရှားဝန်ကြီးချုပ် ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ယနေ့ (ဇွန် ၁၂) တွင် တိုက်တွန်းပြောကြား လိုက်သည်။

Su and China president

မြန်မာနှစ်နိုင်အနေဖြင့် တရုတ်နိုင်ငံ၏ သဘောထားကဲ့သို့ပင် ရေရှည်အမြင်နှင့် မဟာဗျူဟာမြောက် မိတ်ဆွေကောင်းများအဖြစ် ဆက်လက်ထိန်းသိမ်းသွားမည်ဟု မျှော်လင့်ယုံကြည်ကြောင်း သမ္မတ ရှီကျင်းဖျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

Su and China president

တရုတ်နိုင်ငံ၌ အလည်အပတ်ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန် ၁၁ တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

Last modified on Thursday, 11 June 2015 18:53

Marie Harf

မြန်မာအစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ရွှေ့ပြောင်း ၇၂၇ ဦးအား ကုန်းပေါ်သို့ ဆင်းခွင့်ပေးပြီး လူသားချင်းစာနာသည့် အကူအညီနှင့် စောင့်ရှောက်များကို ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ဇွန်လ ၁ရက်က ပုံမှန်သတင်းစာရှင်းပွဲ၌ အမေရိကန် မဟာဗျူဟာမြောက်ဆက်ဆံရေး အဆင့်မြင့် အကြံပေး မာရီဟာ့ဖ်က သတင်းထောက်များကို ဖြေကြားသည်။

မြန်မာအစိုးရ တပ်များနှင့် ကိုးကန့်သူပုန်များကြား တိုက်ခိုက်မှုများကြောင့် ဗုံးဆန်အမြောက်ဆန်များ ကျခဲ့သည့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်က မြေပြင်တိုက်ပွဲနှင့် ဝေဟင်ပစ် ကျည်အစစ်များ အသုံးပြု၍ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဇွန် ၁ တွင် ပြောကြားသည်။

ဘန်ကောက်၊ မေ ၂၉ ။         ။ မြန်မာနိုင်ငံ၏ ကမ်းခြေများမှ ရိုဟင်ဂျာမွတ်စလင်ဆိုသူများ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း၏ အကြောင်းအရင်းကို ကိုင်တွယ်ဖြေ ရှင်းရန်တောင်းဆိုခံရပြီးနောက် မြန်မာကကုလသမဂ္ဂကို မေ၂၉က ပြင်းထန်စွာဝေဖန်လိုက်ပြီး နိုင်ငံတကာဆွေးနွေးပွဲများတွင်မြန်မာကိုကွက်၍ ဝေဖန်ခြင်းဖြစ်သည် ဟုပြောကြားခဲ့ သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ရှိဖြစ်ပွားနေသည့် အိန္ဒိယသမုဒ္ဒရာအတွင်း လှေများဖြင့် ရွေ့ပြောင်းသွားလာနေသူ မွတ်စလင် အမြောက်အများမှာ အစာရေစာနှင့် သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရသည်မှာ စိတ်ပူပင်စရာကောင်းကြောင်း မေလ ၂၆ ရက်စွဲဖြင့် ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Last modified on Thursday, 28 May 2015 13:15

Asean-logo-and-flags

ရည်မှန်းချက်ကြီးမားသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်ပေါ်လာရန် ရည်ရွယ်၍ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင်တို့က ''အီးယူနှင့် အာဆီယံ-မဟာဗျူဟာမြောက် ရည်ရွယ်ချက်ဖြင့် အကျိုးတူမိတ်ဖက်ဖွဲ့မှု(partnership)''ဟု အမည်ရသည့် ပူးပေါင်းဆက်သွယ်မှုတစ်ခုကို ထူထောင်ခဲ့ကြသည်ဟု မေ ၂၂ရက်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားနေသော နာဂခွဲထွက်ရေးသူပုန်များ၏ နောက်ထပ်တိုက်ခိုက်မှုမှန်သမျှကို နည်းလမ်းအသစ်များဖြင့် ထိရောက်စွာ ကိုင်တွယ်သွားမည်ဟု အိန္ဒိယထိပ်တန်း တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 80 guests and no members online