House Art

eng btn

အထူးသတင်းများ:
 
 

ရန်ကုန် (မဇ္ဈိမ)။ ။ ကိုရီးယားလေကြောင်းလိုင်းမှ လေယာဉ်၏ တောင်ပံနှင့် ရပ်နားထားသည့် ဘန်ကောက် လေကြောင်းလိုင်း
လေယာဉ် နောက်မြီးပိုင်းတို့ တိုက်မိခဲ့ပြီးခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၁၂ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာဒုံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးဝင်းမြင့်က အတည်ပြုပြောကြားခဲ့သည်။

Last modified on Friday, 13 February 2015 19:08

ရန်ကုန် (မဇ္ဈိမ)။ ။ သန်လျင်မြို့နယ်တွင် ဓာတ်ကြိုးများပေါက်နေ၍ တက်ဖာသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁ဝ ရက်၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လားရှိုးမြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် ဝေဟင်ရွှေဆိုင်တွင် ပြီးခဲ့သည့် ၂၀၁၄၊ စက်တင်ဘာအတွင်းက ဖြစ်ပွားခဲ့သည့် ဓားပြတိုက်ခံရမှု၏ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးဟု လားရှိုးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၂ ရက်တွင် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ပြည် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း  ပြည်ခရိုင် ပေါင်းတည်မြိုကမှ ဇနီးမောင်နှံနှစ်ဦးကို သာယာဝတီခရိုင် နတ်တလင်းမြို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်က မူးယစ်ဆေး ၀ါးရောင်း ၀ယ်မှုဖြင့် ဖမ်းဆီး ထားသည်ဟု နတ်တလင်းမြို့မ ရဲစခန်း ရဲတပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ နောက်ပြောင်ပြီး စအိုအတွင်းသို့ လေပိုက်နှင့် ထိုးခြင်းခံရသဖြင့် အမျိုးသား တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု အင်းစိန်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် ၂ဝ၁၃၊ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ယခင်ကုန်သည် ကြီးများဟိုတယ် (ဆူးလေ ရှန်ဂရီလာဟိုတယ်) ဗုံးပေါက်ကွဲမှုနှင့် ဝက်စ်တင်းန်ပါ့ခ် စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုအတွက် စွဲချက် တင်ခံထားရသူနှစ်ဦး၏ စွဲချက်ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းတရားလွှတ်တော် ရုံးသို့လျှောက်တင်ထားမှုမှာ အမှုတွဲ ပြန်မကျသေးသဖြင့် မစစ်ဆေးနိုင်သေးဟု အနောက်ပိုင်းခရိုင် တရားရုံး တွဲဖက်ခရိုင် တရားသူကြီး (၂) က ပြောသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအတွင်း တရားခံပြေး ၉ဝဝ ရှိပြီး ထိုထဲလက်ပံတောင်းတောင်အရေးကို လုပ်ဆောင်နေသည့် ဗကသ ကျောင်းသူ မဖြူနှင်းထွေးနှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ဟန်ဝင်းအောင် အပါအဝင် လက်ပံတောင်းတောင်ဒေသခံ ၁၇ ဦးပါ ပါဝင်ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေထွန်းက မဇ္ဈိမကို ပြောသည်။

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးခရိုင်၊ ခုနစ်မြို့နယ်တွင် ၂ဝ၁၄ ခုနှစ်အတွင်း မုဒိမ်းမှုသည် ယခင်နှစ်များထက် ကျဆင်းသွားခြင်း မရှိဘဲ တိုးလာခဲ့သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Last modified on Tuesday, 03 February 2015 15:12

ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာ တစ်ဦးထံမှ စိတ်ကြွဆေးပြားများနှင့် အမှုန့်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ ခန့်က တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ခရီးသည် တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ပလက်ဖောင်းပေါ်မှ သစ်ပင်ကို ဝင်တိုက်မိသဖြင့် လူခြောက်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၆ နာရီခွဲခန့်က ဒဂုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 89 guests and no members online