House Art

eng btn

အထူးသတင်းများ:
 
 

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် အသက် ကိုးနှစ်အရွယ်  မိန်းကလေး တစ်ဦးအား အဓမ္မပြုကျင့်ခံရသည့်အမှုကို  တစ်နှစ်ခန့် ကြာပြီးနောက် မတ်လ ၃၁ ရက်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး၌ အပြီးသတ် အမိန့်ကြားနာမည် ဖြစ်သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးအမှုအတွက် လေးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခြင်းအဖြစ် တရားလိုပြ သက်သေ တစ်ဦးကို မတ်လ ၂၅ ရက် နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ မတ် ၂၄ ရက်၊ ညနေ ၆ နာရီခွဲ၌ ဖြစ်ပွားခဲ့သည့် ဒဂုံမြို့နယ် ဗိုလ်ရာညွှန့်လမ်းရှိ မီးလောင်မှုတွင်  မြန်မာလူမျိုး စင်ကာပူ နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည့်အတွက် အမှုကျူးလွန်သူရှိ၊ မရှိ ဒဂုံမြို့မရဲစခန်းက စုံစမ်းမှုများ ဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။

လမ်းလယ်ကျွန်းကို ပတ်ကွေ့မောင်းနှင်သည့် ယာဉ်တစ်စီးက ခရီးသည်တင် ဟိုင်းလတ် တစ်စီးကို ဝင်တိုက်မိ သဖြင့် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ သည့်ဖြစ်စဉ် တစ်ခု မတ် ၁၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။

ပြည် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့တွင် မတ်လ ၁၈ ရက်က တောင်ပြိုကျသည့် မြေကြီးများထိမှန်ပြီး အသက်(၂၄)နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရန်ကုန် (မဇ္ဈိမ) ။     ။ မူးယစ်ဆေး ၀ါးဖြင့်ထောင်ဒဏ် ၁၁နှစ်ကျခဲ့ဖူး သူတစ်ဦး လည်ပင်းကို ဓားဖြင့် ထိုးကာ အသတ်ခံခဲ့ရ သည့်ဖြစ်စဉ် တစ်ခု မတ် ၁၈ ရက်၊ နံနက် ၃ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် တွင်ဖြစ်ပွား ခဲ့ပြီး၊ ကျူးလွန်သူကို နံနက် ၁၀နာရီ ဝန်းကျင်တွင် ဖမ်းမိ ခဲ့သည်ဟု မင်္ဂလာတောင် ညွန့်မြို့ နယ်ရဲ တပ်ဖွဲ့မှူး၊ ရဲမှူးသိန်းအောင် ကပြောသည်။

ရန်ကုန် မတ် ၁၈။    ။လူသတ်မှုဖြင့် တရားစွဲဆို ခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေဒေါ်ခင်သိန်းမှာ ၎င်းကို ယခင်ကအပ်ထားသည့် အမှုများဆောင် ရွက်ပေးရန် ရှိနေသဖြင့် မင်းအုပ်စိုး၏ အမှုကို လိုက်ပါ ဆောင်ရွက်ခြင်း မပြုနိုင်တော့ ဟုရှေ့နေ ဒေါ်ခင်သိန်း ကပြော သည်။

ရန်ကုန် (မဇ္ဈိမ) ။ ။ ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို မတ် ၁၇ ရက်တွင် လိမ်လည်မှုဖြင့် ထပ်မံအမှုဖွင့်ပြီး တရားစွဲဆိုရန် တရားရုံးသို့ ပို့ထားပြီဖြစ်ကြောင်းဟု ဗိုလ်တထောင်မြို့နယ် တရားသူကြီးကပြောသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ယာဉ်လေးစီး ဆင့်တိုက်မှု မတ်လ ၁၆ ရက် နံနက် ၁ နာရီ တွင် ဖြစ်ပွားခဲ့သဖြင့် လေးဦးဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ကုသမှုခံယူနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်ရွာတည်းတွင် အိမ်နီးချင်း မိသားစုနှစ်ခုကြား စကားများရာမှ သုံးလအရွယ် ကလေးငယ် အပါအဝင် မိသားစုလေးဦးကို ထင်းခုတ်ဓားမနှင့် ခုတ်သတ်မှု တစ်ခုကို မတ်လ ၁၅ ရက် ည ၇ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်၊ မရမ်းချောင်းအုပ်စု၊ သုံးဆယ်ကျေးရွာဖြစ်ပွားခဲ့ကြောင်း ဖောင်ကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 94 guests and no members online