House Art

eng btn

အထူးသတင်းများ:
 
 

ရန်ကုန် (မဇ္ဈိမ)။ ။ ကျောက်စိမ်း အရိုင်းတုံးများ တရားမဝင် သယ်ဆောင်လာသည့် အမျိုးသား တစ်ဦးကို ဖမ်းဆီး အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၀ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ဘရိတ်ပေါက်နေသည့် ၅၁ ယာဉ်လိုင်းမ ခရီးသည်တင်ယာဉ်တစ်စီး ရပ်ကွက် အတွင်းသို့ ဝင်ရောက်ပြီး စက်ဘီးစီးနေသူ တစ်ဦးနှင့် လမ်းဘေးရှိ ဆံပင်ညှပ် ဆိုင်ကို ဝင်တိုက်မိသဖြင့် အသက် ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၀ ရက်၊ နံနက် ၁၁ နာရီ ၄၀ ခန့်က မင်္ဂလာဒုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့မရဲစခန်းကရဲ အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်(မဇ္ဈိမ) ။ ။ မရမ်းကုန်း မြို့နယ်အတွင်းရှိ ကားအရောင်းစင်တာတစ်ခုတွင် စစ်တပ်မှ ဗိုလ်ကြီးအယောင်ဆောင်ပြီး သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ကားတစ်စီးရယူသွားသည့် ဖြစ်စဉ်တစ်ခု ဧပြီ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် အရောင်းစင်တာ၏ စီစီတီဗီမှကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းကို ရယူကာမြို့နယ် အသီသီးရှိ ရဲစခန်းများသို့ ဖြန့်ဝေပြီး ချိတ်ဆက် ဆောင်ရွက်နေသည်ဟု ဘုရင့်နောင် နယ်မြေ ရဲစခန်းက စခန်းမှူးက ဧပြီ ၂၀ ရက်တွင် ပြောသည်။

Last modified on Monday, 20 April 2015 20:44

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ လေးရက်အတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များကြောင့်
ရန်ကုန်တိုင်း၌ လူ ၃၀ ဦးသေဆုံးကာ၊ ၂၄၀ ဦးနီးပါးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Last modified on Sunday, 19 April 2015 12:02

ရန်ကုန် (မဇ္ဈိမ) ။ ။ သံချေးတက်နေသည့် လက်ပစ်ဗုံးဟောင်းတစ်လုံးကို ဧပြီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း တွေ့ရှိခဲ့သည်ဟု အဆိုပါမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။

သင်္ကြန် လေးရက်တာ ကာလအတွင်း ရန်ကုန်တိုင်း၌ ယာဉ်တိမ်းမှောက်မှု နှင့် ခါးပိုက်နှိုက်မှု အများဆုံး ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးကန်အတွင်း သင်္ကြန်အကျနေ့ ဧပြီ ၁၄ရက်က ရေဆင်းကူးပြီး ရေနစ်သေဆုံးကာ အကြတ်နေ့ မွန်းတည့်ချိန်က အလောင်းပေါ်လာခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်(မဇ္ဈိမ) ။ ။ သင်္ကြန်အကြို၊ အကျ နှစ်ရက်အတွင်း ရန်ကုန်မြို့အတွင်း ယာဉ်တိမ်းမှောက်မှု လေးမှု၊ ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ပြီး ၃၂ဦး ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း ပြေးလေးပြေးများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေရာ ခြောက်လကျော်ကာလအတွင်း တရားခံပြေး ၁၂၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ တာချီလိတ်မြို မကာဟိုခမ်းရပ်ကွက်တွင်နေထိုင်သည့် ခြောက်နှစ်အရွယ် မိန်းကလေးငယ် သေဆုံးမှုအတွက် အမှုမှန်ဖေါ်ထုတ်နိုင်ရန် တာချီလိတ် မြို့မ ရဲစခန်းက အကူအညီတောင်းခံထားပြီး သတင်းပေးသူကို ကျပ်သိန်း ၂၀ ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 93 guests and no members online