House Art

eng btn

အထူးသတင်းများ:
 
 

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်ရန် လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ဦးကို စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသမီး တစ်ဦးကို မေ ၁၄ ရက်က ကျောက်တံတားမြို့ မရဲစခန်းတွင် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသမီးကို စစ်ဆေးနိုင်ရန် ဆောင်ရွက်နေသည်ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ညီအစ်ကို နှစ်ဦးကို သတ်ပြီး ကားဖြင့် လာရောက်စွန့်ပစ်ခဲ့သည့်အဖွဲ့မှ လေးဦးကို ဖမ်းမိခဲ့ပြီး ပူးပေါင်းပါဝင်သူ တစ်ဦးကို ထပ်မံ ဖမ်းဆီးရန် ကျန်နေသေးသည် ဟု ပဲခူးခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး လှဦးက မေ ၁၅ ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်၊ ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ်၊ တာလေမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု တာချီလိတ် မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တရားလိုပြ သက်သေအဖြစ် ၎င်း၏ ဇနီးဖြစ်သူကို မေ ၁၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

ရန်ကုန် မေ ၁၃။         ။ ညီအစ်ကိုနှစ်ဦးကို လက်ပြန်ကြိုးတုပ်၍ သတ်ပြီး အလောင်းကိုအင်းတကော် နယ်မြေတွင် လာရောက် စွန့်ပစ်သည့်အဖွဲ့မှ ပါဝင်သူနှစ် ဦးကိုထပ်မံဖမ်းမိ ခဲ့သည်ဟု ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက မေ ၁၃ ရက်၊ ညနေ ပိုင်းတွင်ပြောသည်။

ရန်ကုန် မေ ၁၃။       ။ လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုး ၏အမှုအတွက် တရားလိုပြ သက်သေအဖြစ် ၎င်း၏ဇနီးဖြစ် သူကို မေ ၁၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ဗိုလ်တထောင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခု၏ ရုံးခန်းမှ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ခိုးယူသွားသူကို မေ ၁၁ ရက်၊ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် တရားမဝင် အနှိပ်ခန်းများမှ မန်နေဂျာနှင့် အနှိပ်ဝန်ထမ်း အမျိုးသမီးများကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက မေ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် (မဇ္ဈိမ)။ ။ လိမ်လည်မှုများဖြင့် အမှု ရင်ဆိုင်နေရသော Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှု လေးမှုဖြင့် မေ ၁၁ ရက်က ဗဟန်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ထားသည်ဟု အဆိုပါတရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Last modified on Tuesday, 12 May 2015 08:06

အင်းလျားကန်အတွင်း ရေဆင်းကူးသည့် သင်္ဘောသားတစ်ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၇ ရက်၊ ည ၁၀ နာရီခန့်က မရမ်းကုန်းမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 111 guests and no members online