House Art

eng btn

အထူးသတင်းများ:
 
 
Thursday, 18 June 2015 11:34

အက်ဖ်အေဖလား သံချပ်သီဆိုမှုအတွက် ဝီလ်ရှီးယား ပေါင် လေးသောင်းဒဏ်ရိုက်ခံရ

Written by  ဝေဘုန်းလူ

(လန်ဒန်)။ ။ လန်ဒန်တွင် အက်ဖ်အေဖလား အောင်ပွဲခံလှည့်လည်ရာ၌ ရိုင်းပျသည့် သံချပ်တေးသွား သီဆိုခဲ့မှုဖြင့် အာဆင်နယ် ကွင်းလယ် ကစားသမား ဝီလ်ရှီးယားသည် ပေါင်လေးသောင်း ဒဏ်ရိုက်ခံခဲ့ရသည်။

weeshe-1

အသက် ၂၃ နှစ်အရွယ်ရှိ အင်္ဂလန် ကွင်းလယ် ကစားသမားသည် လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကို လှောင်ပြောင်သည့် သံချပ်သုံးခုကို ပရိသတ်အား ဦးဆောင်ကာ သီဆိုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။

ယင်းမှာ ပြိုင်ပွဲဂုဏ်သိက္ခာ ကျဆင်းစေသည်ဟူသော အက်ဖ်အေ၏ စည်းမျဉ်းနှင့် ငြိစွန်းသောကြောင့် ပြစ်ဒဏ်ချခံရခြင်း ဖြစ်သည်။ ဝီလ်ရှီးယား သည်ပြီးခဲ့သည့်နှစ်ကလည်း အလားတူအပြစ်မျိုးကျူးလွန်ခဲ့ဖူးပြီး သတိပေးခံခဲ့ရသည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော လှည့်လည်ပွဲတွင် မိုက်ကရိုဖုန်းဖြင့် ပြိုင်ဘက်အသင်းကို စော်ကားသည့် သံချပ်တိုင်ခဲ့ခြင်းမှာ မှားယွင်းသည့်အပြု အမူဖြစ်သည်ဟု အက်ဖ်အေ၏ စွဲချက်တင်ခံရအပြီးတွင် ဝီလ်ရှီးယားကလည်း ပြန်လည်တောင်းပန်ခဲ့သည်။ ယင်းအပြုအမူအတွက် အာဆင် နယ်အသင်းနှင့်လည်း ဆွေးနွေးခဲ့ရသေးသော်လည်း အသင်းက အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း မရှိပေ။

ဝင်ဘာလေကွင်းတွင် မေ ၃၀ ရက်က ကစားသော အက်ဖ်အေဖလား ဗိုလ်လုပွဲ၌ အာဆင်နယ်သည် အက်စတွန်ဗီလာကို ၄-၀ ဂိုးဖြင့်နိုင်ပြီး အက်ဖ်အေဖလားကို ၁၂ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့သည်။

REF : BBC

Read 1293 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 31 guests and no members online