House Art

eng btn

အထူးသတင်းများ:
 
 

စံခလပူရီ (မဇ္ဈိမ)။ ။ မွန်အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း၊ မွန်အမျိုးသားပါတီ၏ ဂုဏ်ထူးဆောင် နာယကနှင့် ၁၉၉၀ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်ထွန်းသိန်းသည် နိုဝင်ဘာလ ၇ ရက် ညနေ ၆ နာရီ ၃၀က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ အောက်တိုဘာ ၂၅ ရက် နံနက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည့် စာရေးဆရာ အောင်သင်းကို
အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုလ်သွားမည်ဟု  ဇွန်ပွင့်စာအုပ်တိုက်မှ ကဗျာဆရာ နိုင်သစ်နီက မဇ္ဈိမကို ပြောသည်။

Last modified on Saturday, 25 October 2014 21:50

ရန်ကုန် (မဇ္ဈိမ) ။ ။ ၁၃၀၀ ပြည့်အရေးတော်ပုံ ကာလကစ၍  မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ခဲ့သည့် သခင်သိန်းမောင် (ဝါးခယ်မ) သည် အဆုတ်အအေးမိရောဂါဖြင့် အာရှတော်ဝင်ဆေးခန်း၌ စက်တင်ဘာ ၂၇ ရက်က ကွယ်လွန်ခဲ့သည်ဟု သားဖြစ်သူ ဦးဇော်သိန်းက ပြောသည်။

မဇ္ဈိမမီဒီယာမှ ဓာတ်ပုံသတင်းထောက် ကိုမျိုးမင်းသည် ၂၈၊ စက်တင်ဘာ၊ ၂၀၁၄ နေ့ ညနေတွင် ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။

အမှုဆောင်အရာရှိချုပ်၊ အယ်ဒီတာချုပ်နှင့်
မဇ္ဈိမမီဒီယာမှ ဝန်ထမ်းများ။

မြို့နယ်ပညာရေးမှူး(ငြိမ်း) ဒေါ်မြ၀င်းကို မကွယ်လွန်မီက တွေ့ရစဉ်။မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ်္တမြောက်ဇနီး၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)ဒေါ်မြ၀င်းသည် အသက် (၉၆)နှစ်အရွယ်တွင် သြဂုတ် ၁၀ ရက် မွန်းလွဲနာရီခွဲခန့်က တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု သမီးဖြစ်သူ ဒေါ်စ၀်ဟေမာသိုက်က မဇ္ဈိမကို အတည်ပြုသည်။

မိုးများခြင်း နှင့် မြစ်ရေကြီးခြင်း တို့ကြောင့် ပြည်နယ် နှင့်တိုင်းအချို့တွင် ရေကြီးရေလျှံ မှုဖြစ်ပေါ်ခြင်း ကိုဒေသ အများအပြားတွင် ခံစားနေရပြီး အချို့ဒေသများ၌ လူအသေ အပျောက်ရှိသည်အထိ ဖြစ်နေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

Last modified on Thursday, 07 August 2014 10:29

နိုင်ငံခြားသတင်းထောက်များအသင်း စတင်တည်ထောင်သူနှင့် နေရှင်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာဖြစ်သူ သတင်းစာ ဆရာကြီး ဦးလှထွေး အသက် (၈၄)နှစ်သည် ဇွန်လ ၃ ရက်တွင် ၀ိတိုရိယဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဘန်ကောက်၊ မဇ္ဈိမ။                  ။ မြန်မာနိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ နှင့် သတင်းစာဆရာတစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က သတင်းထုတ်ပြန်ခဲ့သည်။ ဦးဝင်းတင်သည် နိုင်ငံရေးအကျဉ်းသား တစ်ဦးအဖြစ်ဖြင့် နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသူ တစ်ဦးဖြစ်သည်။ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် အသက် ၈၄နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်။

ရန်ကုန်၊ မဇ္ဈိမ ။           ။ ဟာသ လူရွှင်တော် သရုပ်ဆောင် နဂါလေးဝင်းနိုင် ဇန်နဝါရီလ ၂၉ ရက် ည၁၁ နာရီခန့်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဟု သူ၏ အမျိုးသမီးက မဇ္ဈိမကိုပြောသည်။

ရန်ကုန်၊ မဇ္ဈိမ။        ။ မြန်မာနိုင်ငံ တေးဂီတလောကတွင် ထင်ရှားသည့် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်သည် ဇန်နဝါရီလ ၅ ရက် ၈နာရီ ၅ဝ မိနစ်ခန့်က ရန်ကုန်မြို့တွင် ကားမောင်းရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု သူ၏ သားဖြစ်သူ ကိုလမင်းထွဋ်က မဇ္ဈိမကို ပြောသည်။

Page 1 of 2

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 103 guests and no members online