House Art

eng btn

အထူးသတင်းများ:
 
 

 ထိုင်းနိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်သည့် တိုင်းရင်းသူတစ်ဦး မဖွယ်မရာပြုကျင့်ခံရခြင်းကြောင့် ထိုင်းရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရန် ထိုင်းအစိုးရအား ဆန္ဒပြပွဲကို ဇွန်လ ၁၆ရက်တွင် ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း သံရုံးရှေ့တွင် ခွင့်မပြု၍ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြခဲ့သည်။

Last modified on Tuesday, 16 June 2015 16:10

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာရန်ဟို့လန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည်။

UK Ygn

ယူကေ နိုင်ငံ ဗီဇာလျှောက်လွှာများကို ဇွန်လ ၁၅ ရက်နေ့မှစ၍ ရန်ကုန်မြို့ ယူကေဗီဇာလျှောက်လွှာလက်ခံဌာနအသစ်၌ သွားရောက်တင်နိုင်ပြီဖြစ်ကြောင်း UK သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကိုးကန့်တပ်ဖွဲ့ MNDA တပ်မတော်နှင့် တိုက်ပွဲများ ရပ်စဲမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

တရုတ်နိုင်ငံသို့ ရောက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဝမ်ကျားရွှေနှင့် ခရီးစဉ်အစ ယမန်နေ့က တွေ့ဆုံပြီး နှစ်ပါတီအကြား ဆက်ဆံရေးဆိုင်ရာ အမြင်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

မိုးကုတ်-ပြင်ဦးလွင် ကားလမ်းပိုင်း ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ဆာပိုင်ကျေးရွာအုပ်စု မန်စံကျေးရွာအနီးတွင် ဇွန် ၁၀ရက် နံနက် ၆နာရီ ၁၅ခန့်က တအာင်းတပ်မတော် (၂) လက်အောက်ခံ တပ်ရင်း အမှတ် ၇၁၇နှင့် မြန်မာ့တပ်မတော်တို့ ၄၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းတပ်မတော် PSLF/TNLAက ထုတ်ပြန်ထားသည်။

တအာင်းဒေသ၊ မိုင်းလုံမြို့နယ်ခွဲ၊ မိုးကုတ်-ပြင်ဦးလွင် ကားလမ်းအပိုင်း၊ တအာင်းကျေးရွာများသို့ နယ်မြေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေစဉ် မိုင်းလုံအခြေစိုက်၊ တပ်မတော်က ထိုးစစ်ဆင်လာပြီး နှစ်ဖက်ရင်ဆိုင် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

High way accident June 8 copy

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်-မန္တလေး- ပြင်ဦးလွင် ပြေးဆွဲသည့် နေကြာအမြန်ယာဉ် အမြန်လမ်းပေါ် နေပြည်တော် တိုးဂိတ်အနီး ၂၀၃ မိုင် ၃ဖာလုံတွင် ဇွန် ၈ရက် မွန်းလွဲ ၁နာရီခန့်က တိမ်းမှောက်ပြီး ခရီးသည်တစ်ဦး သေဆုံးခဲ့သည်ဟု နေပြည်တော် မိုင်တိုင် ၂၀၁၊ ၆  ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကိုပြောသည်။

Last modified on Monday, 08 June 2015 16:06

ပဲခူးခရိုင်တွင် ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာတော့မည် ဖြစ်သည့်အတွက် ထိုကာလအတွင်း ပူးပေါင်းကူညီနိုင်ရန် အသိပညာပေးရေးအတွက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း Bago Youth Community Development စီစဉ် ဦးဆောင်သူ ကိုကျော်ကျော်လင်းထံမှ သိရသည်။

rmeet1

ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် (ဓာတ်ပုံ-မဇ္ဈိမ)

တရားမဝင် ရွှေ့ပြောင်းအခြေချမှုအတွက် ဘင်္ဂလားဒေ့ရှ်၏ လူဦးရေထူထပ်လာမှုနှင့် စီးပွားရေးအခွင့်အလမ်း ရှားပါးမှုကိုသာလျှင် လက်ညှိုးထိုးရမည်ဖြစ်ကြောင်း ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့၍ ဘင်္ဂလားဒေ့ရှိနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်တွေ့ဆုံခဲ့သည်ဟု The Daily Star သတင်းက ဖော်ပြထားသည်။

shweman to use

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖေ့စ်ဘွတ် မက်ဆေ့ဘောက်စ်မှတစ်ဆင့် ပြည်သူတို့၏ တင်ပြချက်များကို စာရွက်ဖြင့် စုရင်းပြုစုကာ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 27 guests and no members online