House Art

eng btn

အထူးသတင်းများ:
 
 
Thursday, 18 June 2015 10:23

ကွန်မြူနစ် တရုတ်နိုင်ငံတွင် သန်းကြွယ်သူဌေး အိမ်ထောင်စုပေါင်း ၄ သန်း ရှိဟုဆို

Written by 

အေအက်ဖ်ပီ (ဘော့စတွန်)။ ။ အင်္ဂါနေ့က သီးခြားလွတ်လပ်သည့် စစ်တမ်းတစ်ခု၌ ဖော်ပြချက်အရ နိုင်ငံ၏ စတော့ ဈေးကွက် စည်ပင်မှုက ပုဂ္ဂလိက ဓနဥစ္စာကို မြှင့်တင်ပေးနေသောကြောင့် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံတွင် သန်းကြွယ်သူဌေး အိမ်ထောင်စုပေါင်း ၄ သန်းအထိ ရှိလာခဲ့ပြီး အမေရိကန် ပြည်ထောင်စု ပြီးနောက် ဒုတိယအများဆုံး ရပ်တည်လာခဲ့သည်ဟု ဆိုသည်။

China-2

အမေရိကန် အခြေစိုက် သုတေသနကုမ္ပဏီ Boston Consulting Group (BCG) ၏ အစီရင်ခံစာအရ ယမန်နှစ် တစ်နှစ်တည်းတွင် တရုတ်နိုင်ငံ၌ သန်းကြွယ်သူဌေးအသစ် တစ်သန်း ပေါ်ထွက်ခဲ့သောကြောင့် နိုင်ငံအားလုံးတွင် တိုးနှုန်းအမြင့်မားဆုံး ဖြစ်ခဲ့သည်။

ယမန်နှစ်က အမေရိကန်ပြည်ထောင်စုတွင် သန်းကြွယ်သူဌေး အိမ်ထောင်စုပေါင်း ၇ သန်းနှင့် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ပြီး ဂျပန်က တစ်သန်းနှင့် တတိယနေရာက လိုက်နေသည်ဟု အစီရင်ခံစာအရ သိရသည်။ ပြည်တွင်း ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံတွင် ပုဂ္ဂလိကပိုင် ဓနဥစ္စာကို တိုးပွားလာစေခဲ့သည်ဟု ဆိုသည်။

၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီးနောက်တွင် ရှန်ဟိုင်း အစုရှယ်ယာမှာ အာရှတွင် အကောင်းဆုံးလုပ်ငန်း ဖြစ်လာခဲ့သည်။

‘‘အသစ်ဖန်တီးလိုက်တဲ့ ဓနဥစ္စာတွေနဲ့စာရင် ခိုင်မာတဲ့ ပြည်တွင်းဝယ်လိုအားကြောင့် အာရှပစိဖိတ် ဒေသတစ်လွှားမှာ အားကောင်းတဲ့ ဈေးကွက် စွမ်းဆောင်ရည်က ရှိရင်းစွဲ ဓနဥစ္စာတွေရဲ့ တန်ဖိုးကို သိသိသာသာ တိုးမြင့်လာစေခဲ့တာပါ’’ ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသရဲ့ ပုဂ္ဂလိက ဓနဥစ္စာဖွံ့ဖြိုးမှု၏ ၇၆ ရာခိုင်နှုန်းမှာ ရှိရင်းစွဲ ဓနဥစ္စာများ တန်ဖိုးတက်လာသောကြောင့် ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အသားတင်ပိုင်ဆိုင်မှု ကန်ဒေါ်လာ သန်း ၁၀၀ ကျော်သည့် အိမ်ထောင်စုပေါင်း ၁,၀၃၇ စုရှိရာ ထိုပမာဏမှာ အမေရိကန်၏ ၅ ပုံ ၁ ပုံမျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဖြစ်သည်ဟု ဆိုသည်။

စတော့ဈေးနှုန်းများ မြင့်တက်မှု၏ ကျေးဇူးကြောင့် တရုတ်ပြည်မကြီးတွင် ကုဋေကြွယ် ဘီလီယံနာ ၄၀၀ မျှ ရှိမည်ဟု ခန့်မှန်းရသည်ဟု Forbes က ဧပြီလ သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

Read 775 times

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 37 guests and no members online