House Art

eng btn

အထူးသတင်းများ:
 
 

Mars in thiland

ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ် ဇွန် ၁၈ရက်က တွေ့ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသည်ဟု အေဖက်ပီ သတင်းတစ်ရပ်က ဖော်ပြထားသည်။

Last modified on Friday, 19 June 2015 00:08

မလေးရှားနိုင်ငံမှ အတိုက်အခံညွန့်ပေါင်းမဟာမိတ်အဖွဲ့သည် ခေါင်းဆောင် အန်ဝါအီဘရာဟမ် ဓမ္မတာသွေဖည်လိင်ဆက်ဆံမှုကြောင့် ထောင်ကနေချိန်လအတန် ကြာတွင် ပြိုကွဲသွားခဲ့သည်။

အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင် သမိုင်းဝင်လူမည်းဘုရားရှိခိုးကျောင်းတစ်ကျောင်းကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ် ပွားသည်။

ကင်ဘာရာ၊ ဇွန် ၁၈ ။    ။ ၂၀၁၄ခုနှစ်က ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ကုန်ကျစရိတ်မှာ ဒေါ်လာ၁၄ဒသမ၃ထရီလီယံအထိရောက်ရှိခဲ့ကြောင်း Institute for Economics and Peace ၏ အစီအရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ယင်းငွေကြေးပမာဏမှာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၃ဒသမ၄ရာခိုင်နှုန်းရှိသည်။

ရှန်ဟိုင်း၊ ဇွန်-၁၈ ။        ။ တရုတ်နိုင်ငံရှေ့ပိုင်း နန်ကျင်းမြို့အနီး ယန်စီမြစ်ထဲတွင် တရုတ်ကုန်တင်သင်္ဘောတစ်စင်း တိမ်းမှောက်သွားခဲ့ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာက င် ဇွန် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ပေကျင်း၊ ဇွန်-၁၈ ။   ။ တရုတ်အစိုးရက မွတ်စလင်အများစုနေထိုင်သည့် ရှင်ကျန်းဒေသအတွင်း အစိုးရ၀န်ထမ်းများ၊ ကျောင်းသားများနှင့် ဆရာများကို ဇွန် ၁၈ ရက် က စတင်သည့် ရာမဒန်ကာလအတွင်း ဥပုသ်စောင့်ခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီး၊ စားသောက်ဆိုင်များကိုလည်း ပုံမှန်အတိုင်းဖွင့်ရန် အမိန့်ပေးထားသည်ဟု သိရသည်။

ရန်ကုန်၊ ဇွန် ၁၈ ။      ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)၏ ဒုတိယအကြိမ် ပညာရေးညီလာခံ ပထမနေ့တွင် ကျောင်းသား များ ပြန်လည်လွှတ်မြောက်ရေး အပါအ၀င် အချက်နှစ်ချက်ကို ညီလာခံက တောင်းဆိုလိုက်သည်။

နေပြည်တော်၊ ဇွန်၁၈ ။       ။ ပြည်ထောင်စုလွှတ်တော်က ယနေ့ (ဇွန် ၁၈ရက်တွင်) အတည်ပြုလိုက်သည့်အမျိုးသားပညာရေးဥပဒေ တွင်ကျောင်းသားများတောင်း ဆိုချက်များ လွှတ်တော်တွင် ရှုံးနိမ့်သွားသည့်အတွက် ဆပ်စပ်ဥပဒေများတွင် ဥပဒေဘောင်အတွင်းက တောင်းဆိုသွားရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက မီဒီယာများကို ပြောသည်။

ရန်ကုန်မြို့ဝဇီရာရုံတွင် ပြုလုပ်နေသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် ဝင်ရောက်ပြသသည့် ဂေးလ်တစ်ဦးအကြောင်း ရိုက်ကူးပြသထားသော မှတ်တမ်းရုပ်ရှင်သည် ပြီးခဲ့သည့်ကာလများအတွင်း နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ပြောင်းမှုကို ဆောင်ရွက်နေလင့်ကစား ယခင်စစ်အာဏာရှင်ခေတ်ကအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု မီးမောင်းထိုးသတိပေးထားသည်။

ချင်းမိုင်၊ ဇွန် ၁၈ ။        ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ ရဲတပ်ဖွဲ့များ၏ ရဲကင်းများတွင် ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ခဲ့ပြီး ရဲအရာရှိ နှစ်ဦးနှင့် ရဲဘော် တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

mizzima-newspaper-vol-6-no-91

chatrium

 

academy-left-banner1

prisoners-released-left

sms-banner

asean-women

obama-left

asean-left

SMS-news-banner

twitter facebook

 

 

ယနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း

Yoma Bank LimitedYoma-bank-logo
International Banking Department
Exchange Rate for foreign currencies (18.06.2015), Thursday.

Currency Ref;Rate We Buy  We Sell 
 USD 1105 1105 1113
 EUR 1255.1 1255 1264
 SGD 826.88 826 832

We have 64 guests and no members online